ဘွန်ဇိုင်းပင်တိုင်းဟာထူးခြားမှုတွေရှိသလို EatHappy မှာရှိတဲ့ တယောက်ဆီတိုင်းဟာလည်းထို့အတူပါပဲ ဒါကြောင့် ဘွန်ဇိုင်းပင်လေး ကိုလဲ ဂရုစိုက်ပြီး ပန်းအိုးထဲမှာကြီးထွားအောင်ပြုစုပေးပါ ၊ ကြီးထွား လာမှုကိုကြည့်ပြီးပျော်ရွှင်မှုကို ခံစားရမှာပါ။

ပျော်ရွှင်ခြင်းဟာ တို့ရဲ့ ဆိုင်နာမည်မှာသာမက ရင်ထဲမှာပါတွေ့ရ မှာပါဖြစ်ပါတယ် ဒါတွေဟာလဲ ထူးခြားမှုတွေပါ လုပ်သမျှ တွေ ဟာရင်ထဲက စေတနာပါ ဆောင်ရွက်တဲ့ အတွက် ကိုယ်လဲပျော် သူများကိုစိတ်ချမ်းသာစေပါတယ် တို့တွေဟာ လုပ်ဖော်ကိုင်ဖက်တွေ ဆိုတာထက် ဒို့အားလုံးဟာ မိသားစုတွေပါ ဒါကြောင့်သင့် တို့အတွက် ပျော် ရွှင်မှုတွေပြည့် ဝနေတဲ့ဒုတိယအိမ် ဖြစ်စေပါတယ်

သန့်ရှင်းလတ်ဆပ်ပြီး စားချင်စဖွယ် လှပ သပ်ရပ်ဖို့ အတွက်နေ့စဥ် ထုတ်လုပ်ပေးပါတယ် နေ့စဥ် လဲ မရိုးရ အောင် စိတ်ကူးအသစ်အဆန်းများ နှင့် ထုတ်လုပ်ပေးနေပါတယ် နေ့စဥ် လဲ မရိုးရ အောင် စိတ်ကူးအသစ်အဆန်းများ နှင့် ထုတ်လုပ်ပေးနေပါတယ် ” သန့်ရှင်းလတ်ဆတ်မှု မှ ပျော်ရွှင်မှုသို့” ဆိုတဲ့အပေါ််မှာလဲ တို့တွေအမြဲဂုဏ်ယူပါတယ်

တို့ရဲ့တာဝန်အပြ ည့်အဝ တိတိကျကျတာဝန်ယူပါတယ် စားသုံးသူ အတွက် အကောင်းဆုံး အရည်အသွေးမြင့် ထုတ်လုပ်ပေးရန် တာဝန်ယူပါတယ် ရည်ရှည် အတွက် အကောင်းဆုံးအကျိုးရှိ ဖို့ရန် အဓိရည်မှန်းချက်ပါ စားသုံးသူအားလုံး ကို အမြင့်ဆုံး လေးစား တန်ဘိုးထားပါတယ်

အားလုံးထဲ မှာ EatHappy ရဲ့ ထုတ်ကုန်ဟာအကောင်းဆုံးပါ ရိုး ရာ ကို လက်မှုပညာနှင့် ပေါင်းဆပ်ထုတ်လုပ်ထားသောကြောင့်ပါ ဒီလက်မှုပညာကိုလဲ စားသုံး သူများကျေနပ်စေဘို့ ပိုမို ကောင်းသထက်ကောင်းအောင် ကြိုးစားထိမ်းသိမ်းထားပါတယ်

အခြေအနေ, အချိန်အခါ, အရေးပေါ် စသဖြင့် ပူးပေါင်းမှုများဟာ အခြေခံအုတ်မြစ်လို တို့ရဲ့နေ့စဥ်တာဝန်တွေပါ တို့အားလုံး ဟာ စားသုံးသူများ အတွက် စိတ်ရော ကိုယ်ပါ လှိုက်လှဲစွာဆောင်ရွက် ပေးပါတယ် မတက်နိုင်တဲ့တောင်အမြင့်ဆိုတာမရှိပါဘူး ၊ မလျှော့သောဇွဲရှိ ရင် တက်နိုင် အဖျားရောက် ပါတယ်
ကျမကိုယ်တိုင်လဲ EatHappy ရဲ့ မိသားစုဝင်တစ် ယောက် ဖြစ်ခွင့် ရတဲ့ အတွက်လဲဂုဏ်ယူပါတယ်
ဒီလိုမျိုုး လုပ် ငန်းခွင်မှတဆင့် အချင်းချင်းရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေးမျိုးရရှိတဲ့အတွက် ဝမ်းသာပါမိတယ်
Beschützt euren O-Mamori wie die Werte, die uns verbinden. 😉
အားလုံး
ရဲ့ နာတာရှာ တက်စ်မန်း